Friday, August 24, 2012

the force power
 ကျွန်တော်သိခဲ့သောwww.cadenceblogger.com
စွမ်းအားတွေ
အတိုင်းထက်လွန်နဲ့
ရှိခဲ့ကြတယ်........
the earth gravity/
 နေစွမ်းအား
"မ" ပေးတဲ့ အချစ်စွမ်းအား
တစ်ဘဝလုံးပါပဲ
အင်အားအကြီးဆုံး။

ငါ့မှာဘဝရဲ့နာကျည်းချက်တွေနဲ့ ခံစားနေခဲ့တဲ့ ရူးသွပ်မူတွေကို အခန်းကျဉ်းထဲမှာ ငိုကြွေးနေခဲ့သူ.......။အချစ်ရဲ့ နှိတ်စက်မှုတွေကို ရူးသွပ်စွာခံစားခဲ့ပြီးမှ...ပြေလည်မှုမရှိတဲ့လောကဝန်းကျင်ထဲလူတကာမေးငေါ့တဲ့ အရူးတပိုင်းတောင်ဖြစ်သွားခဲ့........။ မင်းမသိခဲ့ပါဘူး.........ဒါပေမယ့် မင်းကိုချစ်မိတဲ့ငါ့ဘဝမှာ
စက္ကန့်ပေါင်းများစွာတောင်မင်းကိုပိုင်ဆိုင်ချင်စိတ်မရှိခဲ့ပါဘူး........။ပေးဆပ်ရဲသူတစ်ယောက်ကို
မင်းရဲ့ ခါးသီးတဲ့ မာယာ ဓားသွားအောက်မှာ လှည့်ဖြားခဲ့တယ်..။မင်းရဲ့ဓားသွားအောက်မှာ ငါ့ပြတ်ရှသွားမှ မင်းက ငါ့ကို အမှိုက်လိုစွန့်ပစ်ခဲ့လေတော့............ရပါတယ်ကွာ.........ငါကအစကတည်းက
ရယူပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားတဲ့သူပါ..........ဒီအတိုင်းချစ်နေရရင်ကျေနပ်သူလေ........အခုတော့မင်းအတွက်ယဉ်ယဉ်လေးရူးနေခဲ့သူပေါ့.......။



နေ့တိုင်းလိုလို တောင့်တမိတဲ့ ငါ့ရဲ့မျက်နှာစာထဲမှာ မင်းကိုချစ်မိတဲ့ သံစဉ်တွေကို တေးဖွဲ့ထားတဲ့ ကဗျာတွေကို မင်းဝင်ရောက်ဖတ်ကြည့်ပါ........။ငါတမ်းတမိတဲ့ မင်း....ဘယ်လောက်ငါတန်ဖိုးထားလည်းဆိုတာ မင်းသိပါစေကွာ...။

Sunday, August 12, 2012

မိုးရေ စက်တွေရွာနေတုန်း
ငါတွေ့လိုက်ရတဲ့ ကောင်မလေး
လျှပ်စီးလက် သွားသလိုငါ့နှလုံးသား
ဓာတ်များလိုက်သွားသလားမှတ်ရ
ဘယ်လိုကောင်မလေးလည်းကွာ
အခုငါသိသွားပြီသိလား
မင်းတစ်ယောက်ထဲ
မင်းတစ်ယောက်ထဲ နဲ့
ငါ့နှလုံးကအော်နေတယ်......။